Pages

Pages

ပင်လောင်းမြို့နယ်တွင် သတ္တမအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆေး ထိုးနှံပေးလျက်ရှိ

 



MNP - ဖေဖော်ဝါရီ    ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် ၁၈ နှစ်မှ အသက် ၆၅ နှစ်ကြားပြည်သူများအား ဦးစားပေးအုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံခဲ့ဖူးခြင်းမရှိသည့် ပြည်သူများအား သတ္တမအသုတ် ပထမ အကြိမ်ဆေး ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုး စုရပ်များ အလိုက် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးမှုကို ယနေ့နံနက်ပိုင်းက ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု၊ ထာငိုဘုန်းကြီးကျောင်းတွင် သတ်မှတ်အုပ်စုများတွင် ပါဝင်သောမိဘပြည်သူ (၂၀၉)ဦး၊ မြို့နယ်ဘက်စုံသုံး ခန်းမတွင် တောင်ထီဗွာကျေးရွာအုပ်စု၊ မင်းဘူးကျေးရွာအုပ်စု၊ စင်းတောင်း ကျေးရွာအုပ်စု နှင့်မြို့ပေါ် ၁၀ ရပ်ကွက်အတွင်းရှိ သတ်မှတ်အုပ်စုများတွင် ပါဝင်သော မိဘပြည်သူ (၄၇၃) ဦး၊  ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၆၈၂)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covid Shield ပထမအကြိမ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။

သတင်း - ခွန်အာကာစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment