မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းဒေသကြီး ခရီးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းဒေသကြီး ခရီးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်




MNP - ဖေဖော်ဝါရီ    ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲအချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နိုင်ငံတော်အကြီးအကဲ မကွေးတိုင်းဒေသကြီး ခရီးစဉ် လမ်းညွှန် မှာကြားချက်များနှင့် စပ်လျဉ်း၍  အမှာစကားပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက မိမိတို့ လုပ်ဆောင်ရမည့်လုပ်များနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး၊ တင်ပြဆွေးနွေး မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ လုပ်ငန်းများ အမြန်ဆုံးပြီးစီး အောင်မြင်အောင် ဖော်ဆောင်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အဖက်ဖက်မှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ တိုင်းဒေသကြီး ခရီးစဉ် လမ်းညွှန်မှာကြားချက်များအား သက်ဆိုင်ရာဌာနများက လုပ်ငန်းများ ပီပီပြင်ပြင် လုပ်ဆောင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - မောင်ညီညာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)