Pages

Pages

ထန်းတပင်၌ မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ပွဲကျင်းပ


MNP - ဖေဖော်ဝါရီ     ၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် ပြန်လည် ရွေးချယ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာ၊ ရတနာသိင်္ဂိ ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကြပြီး သဘာပတိ တိုက်ကြီးမြို့ မင်းကျောင်းကြီး ကျောင်း ဆရာတော်ဘဒ္ဒန္တ ကောဝိဒမှ သြဝါဒကထာမြွတ်ကြားခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့သည်။

ဆက်လက်၍ အခမ်းအနားမှူး ဆရာတော်မှ အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်များကိုကြေညာခဲ့ပြီး ပြန်လည်ရွေးချယ်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် အမည်စာရင်းတင်သွင်းမည့်အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များကို ဖိတ်ခေါ်ကာ သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃနာယက ဆရာတော်ဘွဲ့ အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးသို့တင်သွင်းပြီး သာဓုသုံးကြိမ် ခေါ်ဆို၍ အတည်ပြု ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် သဘာပတိ တိုက်ကြီးမြို့ မင်းကျောင်းကြီးကျောင်း ဆရာတော်ဘဒ္ဒန္တ ကောဝိဒမှ နိဂုံးချုပ် သြဝါဒကထာကို မြွတ်ကြားခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိတု သုံးကြိမ်ရွတ်ဆို၍ မြို့နယ်သံဃနာယက အဖွဲ့ဝင်များ အစားထိုး ရွေးချယ်ခြင်း အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်း - ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment