Pages

Pages

ဝေါမြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများအား စတုတ္တအကြိမ်မြောက် ယူရီယား ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ကူညီရောင်းချပေး

 


MNP - ဖေဖော်ဝါရီ     ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ နွေစပါးစိုက် တောင်သူများအား နိုင်ငံတော်က ထောက်ပံ့ကူညီရောင်းချပေးသည့် ပြည်တွင်းထုတ် ယူရီးယားဓာတ်မြေဩဇာ အိတ်များကို ယနေ့နံနက်ပိုင်းက မြို့နယ်ဓာတ်မြေဩဇာဝယ်ယူ၊ သယ်ဆောင်၊ ဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် တောင်သူများ၏ လက်ဝယ်အရောက် ဓာတ်မြေဩဇာအိတ်များအား စတုတ္တအကြိမ်မြောက် ထောက်ပံ့ကူညီ ရောင်းချပေးကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ကူညီရောင်းချပေးရာတွင် ဝေါမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးဧက (၁၃၄၈၂) ဧက အတွက် ဓာတ်မြေဩဇာရရှိမှုပေါ် မူတည်၍ ပထမအကြိမ် (၂၈၄)အိတ်၊ ဒုတိယအကြိမ် (၄၆၆ ဒသမ ၅)အိတ်၊ တတိယအကြိမ် (၁၈၉ ဒသမ ၅)အိတ်နှင့် ယခုစတုတ္တ အကြိမ်မြောက် (၁၄၀၀)အိတ် စုစုပေါင်း (၂၃၄၀)အိတ်ကို ထောက်ပံ့ကူညီရောင်းချပေးပြီး၊ နောက်ရက်များ တွင်လည် ပြည်တွင်ထုတ်ယူရီးယား ဓာတ်မြေဩဇာရရှိမှုပေါ် မူတည်ကာ ဆက်လက်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဓာတ်မြေ ဩဇာဝယ်ယူ၊ သယ်ဆောင်၊ ဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီမှူး ဦးအောင်မိုးလွင် ထံမှ သိရသည်။

သတင်း - စိုးမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment