Pages

Pages

ရေဖြူမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

 


MNP - ဖေဖော်ဝါရီ    ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင်ကျရောက် သော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက အောင်သာဝတီခန်းမတွင် ပြူလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းက အခမ်းအနား ပြင်ဆင်ရေး၊ ပြပွဲပြိုင်ပွဲများကျင်းပရေး၊ ဆုချီးမြှင့်နိုင်ရေး စသည်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့က လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေကိုတင်ပြကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဌာနများက တင်ပြလာမှုအပေါ်ပြန်လည် ဆွေးနွေးပေးခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း - ခတ္တာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment