Pages

Pages

မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေး လျက်ရှိ





MNP - ဖေဖော်ဝါရီ     ၂၈

တနင်္သာရီတိုင်းဒေသကြီးမေတ္တာမြို့တွင်ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း က မေတ္တာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ များ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 

ထို့သို့ ပူးပေါင်းအဖွဲ့များက  ဈေး၊ နေအိမ်များရှိဒေသခံပြည်သူများ နှင့် သွားလာလျက်ရှိသော အများ ပြည်သူများအား နှာခေါင်းစည်း Μask တပ်စေလိုသောအားဖြင့်  နှာခေါင်းစည်း Μask များ ဖြန့်ဝေပေးခြင်း နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရန်ဆောင်ရန်/ ရှောင်ရန် အချက်များပါရှိသည့်လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ပြည်သူ များအနေဖြင့် နေအိမ် ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း Μask စနစ်တကျ တပ်ဆင်ပြီးမှ သွားလာ ကြရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ နေထိုင်ကြ ရန်၊ လက်ကိုစက္ကန့် ၂၀ အကြာ မကြာခဏဆေးကြောပေးရန်၊ နေအိမ်ရှိအသက်(၆၀)နှစ်အထက်အသက်ရွယ် ကြီးရင့်သူများ၊  သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် နာတာရှည်ရောဂါ အခံရှိသူများ နှင့်အနီးကပ်နေထိုင်ခြင်း၊ အတူ စားသောက်ခြင်း မှ ရှောင်ကျဉ်ရန်၊ ပါးစပ် နှာခေါင်းစည်း မတပ်ဆင်ထားသော ဈေးရောင်း ချသူများထံမှဈေးမဝယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာ များပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ ဆေးကုသမှုခံယူ ပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရေး အသိပညာပေး လုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်း - ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment