Pages

Pages

ရွှေပြည်သာမြို့နယ်တွင် အခြေခံလူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများအား ဆန်ရိက္ခာများ အခမဲ့ ဖြန့်ဝေပေးလျက်ရှိ




MNP - ဖေဖော်ဝါရီ     ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အခြေခံလူတန်းစား၊ လက်လုပ်လက်စား   အိမ်ထောင်စုများအား ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)မှ ထောက်ပံ့၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) မှ ဖြန့်ဝေပေးသည့် ဆန်ရိက္ခာများ အခမဲ့ဖြန့် ဝေပေးလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်အိတ် (၂၅)ပြည်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန်ဖြန့်ဝေပေးခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ(၁)နာရီအချိန်အထိ အမှတ် (၁၀)ရပ်ကွက်တွင်  ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ  စုရပ်များအလိုက် ဆန်အိတ် (၃၀၄၂)အိတ်ကို လက်လုပ်လက်စား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန်ဝေပေးခဲ့ ကြောင်းနှင့် သက်ဆိုင်ရာ  တာဝန်ရှိသူများက  လိုအပ်သော ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြ သည်။

ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ ပေါင်း(၂၇)ခုရှိရာ ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများသို့လည်း  အလှည့်ကျ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - အေးမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment