Pages

Pages

မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး အပတ်စဉ်ထိုးနှံတိုက်ကျွေး



MNP - ဖေဖော်ဝါရီ     ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမားရေးဌာန၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ဆေးရုံဒေသန္တရ တိုက်နယ်ဆေးခန်းများတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံတိုက်ကျွေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁၈)ရပ်ကွက်ရှိ ဒေသန္တရကျန်းမာရေးဆေးခန်းတွင်  ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ထိုးနှံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းတွင် ပုံမှန်ကာကွယ်ဆေးများဖြစ်သော အဆုတ်၊ တီဘီ၊ ငါးမျိုးစပ်(BCG) ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်၊ ဝက်သက်ရောဂါများ ကာကွယ်နိုင် ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ ထိုးနှံတိုက်ကျွေး ပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း - သန်းသန်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment