Pages

Pages

ကျောင်းသားဗီဇာ လျှောက်ထားသူအရေအတွက် များပြားသောကြောင့် တိုကင်နံပါတ်ပေးစနစ် ရပ်ဆိုင်းကြောင်း တောင်ကိုရီးယားသံရုံးကြေညာ


MNP ၊ ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးတွင် ကျောင်းသား ဗီဇာ လျှောက်ထားသူ အရေအတွက် အလွန်များပြားနေသောကြောင့် တိုကင်နံပါတ်ပေးစနစ် ရပ်ဆိုင်းကြောင်း အဆိုပါသံရုံးက သတင်းထုတ်ပြန်သည်။

လာမည့် ဖေဖော်ဝါရီ ၂၈ရက်မှ စတင်၍ တိုကင်နံပါတ်ပေးစနစ်အား ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ရက်အထိ လက်ခံထားသည့် တိုကင် နံပါတ်များအနက်မှ Certificate of Admission(ကျောင်းခေါ်စာ)ကို စစ်ဆေးသွားမည်ဟုသိရသည်။

ထို့နောက် လာမည့် မတ်လအတွင်း ကျောင်းတက်မည့် ကျောင်းသားများကိုသာ ဦးစွာ ဗီဇာ လျှောက်ထားခွင့် ပေးသွားမည်ဟုလည်း တောင်ကိုရီးယားသံရုံးက သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment