Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကရုဏာကွန်ရက် လူမှုကူညီရေးအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် ဓမ္မပူဇနိယ တရားပွဲတော် ပိတ်ပွဲ အခမ်းအနား ပြုလုပ်









 

MNP ၊  ဖေဖော်ဝါရီ  ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကရုဏာကွန်ရက် လူမှုကူညီရေးအဖွဲ့မှ ကြီးမှူး၍ ပထမအကြိမ် ဓမ္မပူဇနိယ တရားပွဲတော်ကို သာသနာ တော်နှစ် ၂၅၆၅ ခု ၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခု ၊ တပို့တွဲလဆန်း(၁)ရက်နေ့မှ(၃)ရက်နေ့ထိ  ကျင်းပပြုလုပ်ခဲ့ရာ ပိတ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီအချိန်  မြို့မ အရှေ့ ရပ် ကွက်ရှိ သီရိမင်္ဂလာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။   


ရှေးဦးစွာ နာမောတသ(၃)ကြိမ်ရွက် ဘုရားရှိခိုးကာ အခမ်အနားအားဖွင့်လှစ်ပြီး မောင်တောမြို့ (၃)မိုင်ပရဟိတ ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။ ထို့နောက် ပင့်ဖိတ် ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြပြီး ပင့်သံဃာတော် အရှင်သူမြတ်များ အား နမကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းခဲ့ကြသည်။  


ဆက်လက်၍  ကရုဏာကွန်ရက် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ  ဦးချစ်ထူးခိုင်မှ ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားခဲ့ပြီး မောင်တောမြို့နယ် အောင်ဗလကျောင်းတိုက် ဆရာတော် ဘုရားထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဓနာတရား နာယူကာ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွက်ဆို ဆုတောင်း၍  ရတနာရွှေမိုး ၊ ငွေမိုး ရွာသွန်းဖြိုးကာ အခမ်းအနားအား ရုတ်သိမ်းပြီးနောက် ပင့်သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment