MNP - ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (TSDP) မြို့နယ်များ အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ခရိုင်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား သရက်ခရိုင် (၆) မြို့နယ် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက တေဇ အားကစားခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြို့နယ်များမှ ပိုက်ကျော်ခြင်း ခတ် အားကစားသမားများ၊ အသင်းအုပ်ချုပ်သူနည်းပြများ စုစုပေါင်းအင်အား (၁၈၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင် အသင်းသားများအား လိုက်လံနှုတ်ဆက်ခဲ့သည်။ ယင်းနောက် သရက်ခရိုင်အတွင်းရှိ မြို့နယ် (၆) မြို့နယ် အသက် (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းခတ်အသင်း( ၁၂ )သင်းမှ မင်းလှ(က) အသင်းနှင့် မင်းတုန်း(ခ)အသင်းတို့၏ ဖွင့်ပွဲအစယှဉ်ပြိုင်ကစားမှုများကို အခမ်းအနား တက်ရောက်လာသူများမှကြည့်ရှု အားပေးခဲ့သည်။ ခြင်းခတ်ပြိုင်ပွဲများအား ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ဇော်ထက်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment