Pages

Pages

ကျိုက်ထိုမြို့နယ်တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှအပူရှိန် လွန်ကဲ၍ နေအိမ် တစ်လုံး မီး လောင် ကျွမ်းမှုဖြစ်ပွား








MNP ၊ ဖေဖော်ဝါရီ ၂၁ 

ကျိုက်ထိုမြို့နယ် စစ်တောင်း ကျေးရွာ၊ အေးသီတာရပ်ကွက်နေ ဦးရဲအောင် (ဘ) ဦးကံညွန့်၏ နေအိမ်ကုန်စုံဆိုင်၊ တစ်ထပ်တိုက်အလျား(၃၀)‌ပေ၊ အနံ(၃၀)ပေခန့်ရှိ သွပ်မိုး၊ အုတ်ကာ၊ အင်္ဂ တေခင်း နေအိမ်ရှိ မီးဖိုချောင်၌ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၃ နာရီခွဲ ခန့်တွင်(၃)မိနစ် လျှပ်စစ် ရေနွေးအိုး တည်ရာမှ အပူရှိန် လွန်ကဲကာ နေအိမ်အား မီး လောင်ကျွမ်းမူ ဖြစ်ပွားခဲ့သည်။


မီးလောင်ရာသို့ သိမ်ဇရပ် နယ်မြေရဲစခန်းမှူး ဒုရဲမှူး အောင်တင်မိုး နှင့် တပ်ဖွဲ့ဝင် များ၊ သိမ်ဇရပ်မြို့မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး ဦးအောင်စိုးငြိမ်း နှင့်တပ်ဖွဲ့ဝင်များ၊ကျေးရွာနေ ပြည်သူများ စုစုပေါင်း (၅၀)ဦးခန့်မှ မီးသတ်ယာဉ် (၂)စီးဖြင့်ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ ညနေ ၄နာရီ ခန့်တွင်မီးညွန့်ကျိုးကာ ညနေ ၄နာရီ၂၀မိနစ် ၌ မီးငြိမ်းသွားခဲ့သည်။


နေအိမ်အား မီးလောင်ကျွမ်းမှုကြောင့်ခန့်မှန်းတန်းဖိုး (၁၇၅၀,၀၀၀) ကျပ် ဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန် ထိခိုက်/ဒဏ်ရာ ရရှိမှု မရှိကြောင်းသိရသည်။

         

ဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီး ပေါ့ဆမှုကြောင့် နေအိမ်ကို မီးလောင် ကျွမ်းစေခဲ့သူ အိမ်ပိုင်ရှင် ဦးရဲအောင်အားသိမ်ဇရပ်နယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ 


သတင်း - ဝင်းမောင်(ကျိုက်ထို)

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment