Pages

Pages

မဘိမ်းမြို့နယ် လဝါကျေးရွာ၌ လူငယ်အားကစားဘောလုံးကွင်း ကွင်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ


MNP - ဖေဖော်ဝါရီ     ၁၈         

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် လဝါကျေးရွာ၌ လူငယ်အားကစား ဘောလုံးကွင်း ကွင်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က လဝါကျေးရွာ၊ လူငယ်အားကစား ဘောလုံးကွင်းသစ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူငယ်အားကစားဘော့လုံးကွင်း ကွင်းသစ်အား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဝင်းလွင်၊  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဦး၊ ရွှေဝါမြေဘောလုံးအသင်း အသင်းခေါင်းဆောင် ဦးအောင်အာင်၊ ရပ်မိရပ်ဖ ဦးလှကျော်ခင်နှင့် ဦးတင်မောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဝင်းလွင်မှ ရွှေဝါမြေဘောလုံးအသင်းသို့ အားကစားပစ္စည်းများပေးအပ်ရာ အသင်းခေါင်းဆောင် ဦးအောင်အောင်မှ လက်ခံရယူခဲ့သည်။

အဆိုပါ လူငယ်အားကစားဘောလုံးကွင်း ကွင်းသစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂ဝဝ ဖြင့် Ever Ready ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ဘောလုံးကွင်းသစ်မှာ အလျား ၃၄၅ ပေ၊ အနံ ၂၂၅ ပေ ရှိကြောင်းနှင့် ကွင်းသစ်ဖွင့်ပွဲတွင် ရွှေဝါမြေအသင်းနှင့် မဘိမ်း ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် မဘိမ်းယူနိုက်တက်အသင်းမှ ရွှေဝါမြေအသင်းအား  ကိုးဂိုး-ခုနှစ်ဂိုးဖြင့် အနိုင်ရရှိ သွားကြောင်း သိရသည်။

သတင်း - မျိုးမင်း 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment