Pages

Pages

ကန့်ဘလူမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

 


MNP - ဖေဖော်ဝါရီ    ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် (ဆဌမအသုတ်)အဖြစ် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက်ပိုင်းက ဆက်လက် ထိုးနှံပေးလျက် ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်က စတင်ထိုးနှံပေးရာတွင် ဆဌမအသုတ် ဒုတိယအကြိမ် ၉၄၆ ဦး၊ ပဉ္စမအသုတ် ဒုတိယအကြိမ် ၂၀ ဦး၊ ဖေဖော်ဝါရီ ၂၅ ရက်၌ ဆဌမအသုတ် ဒုတိယအကြိမ် ၆၂၃ ဦး၊ ပဉ္စမအသုတ် ဒုတိယအကြိမ် ၁၀ ဦးတို့ကို ကိုဗစ်- ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းများ အဆင်ပြေစေရေး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာန ဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

သတင်း - အောင်ဝင်းငြိမ်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment