Pages

Pages

သာစည်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 


MNP - ဖေဖော်ဝါရီ     ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၌  (၇၅) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက် ၉ နာရီ ခွဲ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်‌ကျော်က သာစည်မြို့၌ (၇၅) နှစ်မြောက်  စိန်ရတု ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့်  သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အခမ်းအနား ကြိုတင်ပြင်ဆင် နိုင်ရေး၊ စိန်ရတုပြည်ထောင်စုနေ့  အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပဆောင်ရွက်နိုင်ရေး၊ ဆုရရှိသူများအား ဆုချီးမြှင့်နိုင်ရေး ဆွေးနွေးပြောကြားပြီး  ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်  ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိသည့် ဆပ်ကော်မတီအလိုက် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်ထောင်စုနေ့ စိန်ရတု အခမ်းအနားကျင်းပရေး ကော်မတီဝင်များမှ အကြံပြု ဆွေးနွေး ချက်များအား တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment