Pages

Pages

စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 


MNP - ဖေဖော်ဝါရီ    ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး covishield phase 6 ကို ဒုတိယအကြိမ်  ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း(၂၀၁)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေး ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရ သည်။   

ကာကွယ်ဆေး ထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မရှိစေရေး အတွက် စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် တာဝန်ရှိသူများက  ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမိမိခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

သတင်း - နီလာစိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment