ပုသိမ်တက္ကသိုလ် ဖြစ်တည်မှု (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်တက္ကသိုလ် ဖြစ်တည်မှု (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


MNP - ဖေဖော်ဝါရီ    ၁၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပုသိမ်တက္ကသိုလ်ဖြစ်တည်မှု (၂၅)နှစ်မြောက် ငွေရတု အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ဂုဏပြုဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပသည်။ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွန်းက အမှာစကားပြောကြားရာတွင် ပုသိမ်တက္ကသိုလ်သည် ၁၉၅၈ မှစတင်၍ ပုသိမ်ဥပစာ ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၆၄ တွင်ပုသိမ်ကောလိပ် (ရန်ကုန်တက္ကသိုလ်) နှင့် ၁၉၈၀ တွင် ပုသိမ်ဒီဂရီကောလိပ် အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၉၉၆ တွင် ပုသိမ်ဒီဂရီကောလိပ်မှ ပုသိမ် တက္ကသိုလ်အဖြစ် တက္ကသိုလ် အဆင့်သို့ ရောက်ရှိခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ပုသိမ်တက္ကသိုလ်၏ တက္ကသိုလ်အဆင့် ဖြစ်တည်မှုသည် ၂၅ နှစ်တိုင် ငွေရတုအဖြစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ပုသိမ် တက္ကသိုလ် အဆင့်သို့တိုးမြှင့်ရောက်ရှိမှု ငွေရတုအထိမ်းအမှတ်အဖြစ် သုတေသန စာတမ်းဖတ်ပွဲ ကျင်းပ၍ အကောင်းဆုံး ဝိဇ္ဇာသိပ္ပံ စာတမ်းဆုချီးမြှင့်ရန် အဖွဲ့ဝင်များမှ ဆုံးဖြတ်ခဲ့သည့်အတိုင်း ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

သုတေသနစာတမ်းဖတ်ပွဲသည် တက္ကသိုလ်များ၏ အဓိကလုပ်ငန်း ဖြစ်သည်နှင့်အညီ စာတမ်းဖတ်ပွဲတွင် ဖတ်ကြားကြသည့် စာတမ်းများကို ပုသိမ်တက္ကသိုလ် အဆင့် ဖြစ်တည်မှု ငွေရတုအထိမ်းအမှတ် သုတေသနဂျာနယ်အဖြစ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း လည်းသိရသည်။ သုတေသန စာတမ်းဖတ်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ တွဲဖက်ပါမောက္ခ(ဌာနမှူး) ဦးထွန်းဝင်းက ဆုချီးမြှင့်မှုနှင့် ဆုရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဆုရရှိကြသူများအား ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆုရရှိကြသူများကိုယ်စား စာတမ်းရှင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)