Pages

Pages

ကိုင်ရိုကုမ္ပဏီက လေလံအောင်သည်ဟုဆိုကာ အိမ်ခြေ(၇၅)လုံးကို ပြောင်းရွှေ့ဖယ်ရှားခိုင်းနေမှုနှင့် ပတ်သက်၍ ဖြေရှင်းပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)







သို့ / မြန်မာနေရှင်နယ်ပို့စ်

ကျွန်တော် ဦးသိန်းထိုက်ဦး (၁၂/သလန(နိုင်)၀၆၁၃၂၆) ကိုင်ဆောင်သူသည် ဒဂုံမြို့သစ် (အရှေ့ပိုင်းမြို့နယ်)၊ ဆင်ခြေရွာကျေးရွာအုပ်စုအပိုင် ကွင်းအမှတ် ကွင်းအမှတ်(၄၄၅)ရှိ လယ်မြေ (၂၀×၆၀) ကို တန်ဖိုးငွေကျပ် (၃၈)သိန်း တိတိဖြင့် (၂၀၁၆)ခုနှစ် (၄)လပိုင်း (၂၅) ရက်နေ့တွင် ဝယ်ယူခဲ့ပါသည်။

ယခုအခါ ကိုင်ရိုကုမ္ပဏီက လေလံအောင်သည်ဟုဆိုကာ ကျွန်တော်အပါအဝင် အိမ်ခြေ(၇၅)လုံးအား (၂၀-၂-၂၀၂၂) ရက်နေ့တွင် ပြောင်းရွှေ့စရိတ် (၅)သိန်းပေးပြီး အပြီးဖယ်ရှားခိုင်းပါသည်။

ကျွန်တော့်အနေဖြင့် တရားမဲ့ ကျူးကျော်နေထိုင်ခြင်းမဟုတ်ဘဲ ရောင်းချသူက ပြေစာပြသ၍ ရောင်းချသဖြင့် ကာလတန်ကြေးပေး၍ ဝယ်ယူနေထိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဥပဒေဘောင်အတွင်း နေထိုင်၍ တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်သူများ အလုပ်လက်မဲ့ အခက်အခဲကြုံနေရသည့် ကာလတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသည် သင့်တော်မှန်ကန်သည့် လုပ်ရပ်မဟုတ်ပါ။ ပြည်သူများ၏ အခက်အခဲကို မေးမြန်းစုံစမ်း၍ ညှိနှိုင်းဆောင်ရွက်သင့်သော အခြေအနေဖြစ်သည်ဟု ရှုမြင်ပါသည်။

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အထက်ပါကိစ္စအား တာဝန်ယူဖြေရှင်းပေးပါရန် အသနားခံတင်ပြအပ်ပါသည်။


ဦးသိန်းထိုက်ဦး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment