Pages

Pages

မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ


MNP - ဖေဖော်ဝါရီ    ၁၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covidshield (၂)နှစ်ကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေး မထိုးနှံရသေးသူများအား သတ္တမအသုတ်(ပထမ)အကြိမ် ထိုးနှံပေးခြင်းနှင့် ဆဋ္ဌမအသုတ် (ဒုတိယ)အကြိမ် ထိုးနှံပေးခြင်းတို့ကို ယနေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံဟောင်း ဆေးထိုးစုရပ်နေရာ၊ ကမား၊ ဆားချက်လက်ကျန်းမာရေးဌာန၊ ဆေးထိုးစုရပ်နေရာများတို့ တွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်  မြို့နယ်ကုသရေး ဦးစီးမှူး ဒေါက်တာ စောမင်း ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း၊ လာရောက် ထိုးနှံသည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးကာ ပုံမှန်ကျန်းမာရေး အခြေ အနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများအား မိနစ် ၃၀ ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာတွင် ယမန်နေ့က ထပ်ဆောင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster ထိုးနှံလာသူ(၁၇၉)ဦး၊ သတ္တမအသုတ် (ပထမ)အကြိမ်အဖြစ် ထိုးနှံလာသူ( ၅၁)ဦး၊ ဆဋ္ဌမအသုတ် (ဒုတိယ) အကြိမ် ထိုးနှံလာသူ (၉၉)ဦးရှိကြောင်း သိရသည်။

သတင်း - သိန်းဖေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment