Pages

Pages

တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အစားအစာများ ထောက်ပံ့ပေးအပ်


MNP - ဖေဖော်ဝါရီ    ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ဟိုခိုက်ကျေးရွာ Church ကျောင်းတွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများအား လွိုင်လင်တပ်နယ်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ က ဆန် ၅ အိတ်၊ ဆီ၂၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၄ ဖာနှင့် ကလေးငယ်များအတွက် အာဟာရမုန့်များကို ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ(၂)နာရီက အဆိုပါ Church ကျောင်းတွင် သွားရောက်၍ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လွိုင်လင်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်  ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များက  ထောက်ပံ့ပေးအပ်ရာ Church ကျောင်း တာဝန်ခံ ဘုန်းတော်ကြီးတစ်ပါး က လက်ခံ ရယူသည်။

အဆိုပါ ဟိုခိုက်ကျေးရွာတွင် ကယားပြည်နယ်မှ တိုက်ပွဲရှောင်ပြည်သူ (လူကြီး၊ ကလေး) စုစုပေါင်း(၂၃)ဦး ရောက်ရှိနေကြောင်း သိရသည်။

အလားတူ လွိုင်လင်မြို့ရှိ INFANT JESUS CHURCH ကျောင်းတွင် ရောက်ရှိနေသည့် ကယားပြည်နယ်မှ  တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၆ စု ၊ လူဦးရေ (၉၃)ဦးတို့အားလည်း ယမန်နေ့ ညနေပိုင်းက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ဆန်၊ ဆီ၊ ကြက်ဥနှင့် စားဖိုဆောင်သီးနှံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - လွိုင်လင်မိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment