မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - ဖေဖော်ဝါရီ   ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဗြဟ္မစိုရ်လူမှုကူညီးရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းဘူးခရိုင် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်တို့က မင်းဘူးခရိုင်အတွင်း ယခုလက်ရှိ ကိုဗစ်ကာကွယ် ဆေးထိုးနှံနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်း ကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေးနှင့် လုံခြုံရေး ကိစ္စရပ် များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ကိုဗစ်ကော်မတီအဖွဲ့ဝင်များက မိမိတို့လုပ်ငန်း‌ ဆောင်ရွက် ထားရှိမှုများ၊ ကာကွယ်ဆေးများကို Phase အလိုက် ဆက်လက်ထိုးနှံပေးနေမှုနှင့် ထိုးနှံပြီးစီးမှုများ၊ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများကို နေရာများခွဲကာ အပြည့်အဝထိုးနှံနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများ၊ နေအိမ်ပြင်ပသွားလာရာတွင် နှားခေါင်းစည်း Mask တပ်ဆင် သွားရေးနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားမှု အထောက်အထားများ စစ်ဆေးနေမှုများ၊ ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသပေးနေမှုနှင့် Positive လူနာများ ထပ်မံတွေ့ရှိလာပါက ထားရှိကုသရန် ပြင်ဆင် ဆောင်ရွက်ထားမှုများ၊ ခရိုင်အတွင်းရှိ အောက်ဆီဂျင်စက်ရုံများ ထုတ်လုပ်လည်ပတ်နေမှုများနှင့် ခရိုင်အတွင်းရှိ မြို့နယ် များအလိုက် ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်တက်လာပါက Positive Centre များ အရန်သင့် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - မောင်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)