Pages

Pages

ဥရောပအရှေ့ဖျား ကို အမေရိကန်စစ်သားတွေ ထပ်လွှတ်ပြန်ပြီ



နီယို ( ဖေ ၃ )

မနေ့က အမေရိကန်ကာကွယ်ရေး ဌာနက ထုတ်ပြန်တဲ့ ကြေညာချက်အရ ရုရှားက ယူကရိန်း နိုင်ငံအပေါ် စစ်ရေးအရ ဝင်ရောက်နှောက်ယှက်ခြင်းမှ တားဆီးနိုင်ဖို့ နေတိုးအဖွဲ့ကိုကူညီရန် နောက်ထပ် အမေရိကန် စစ်သား ၃၀၀၀ ကို စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဥရောပ အရှေ့ဖျားနိုင်ငံတွေဖြစ်တဲ့ ရိုမေးနီးယား ၊ ပိုလန် နိုင်ငံတွေနဲ့ ဂျာမဏီ နိုင်ငံမှာရှိတဲ့ အမေရိကန် စစ်တပ် တွေကို တပ်လှန့် ထားပြီး သူတို့ကို အားဖြည့်ပေးဖို့အတွက် စစ်တပ်တွေ ထပ်လွှတ်လိုက်တာပါ။

ပင်တာဂွန်ပြန်ကြားရေး အတွင်ဝန် ဂျွန်ကာဘီ က “ လက်ရှိအခြေအနေကတော့ နေတိုးရဲ့ အရှေ့ဖက် စစ်မျက်နှာပြင်မှာ ခံစစ်လုံခြုံရေးအတွက် အင်အားတွေဖြည့်နေတာပါ။

ဥရောပ လုံခြုံရေး နဲ့ တည်ငြိမ်ရေး ကို ရှေးရှုပြီး လိုအပ်ရင် လိုအပ်သလို စစ်အင်အားတွေကို ဖြည့်တင်းသွားဖို့ သမ္မတ ဘိုင်ဒန်က ညွှန်ကြား ထားပါတယ်” လို့ သတင်းစာရှင်လင်း ပွဲမှာ ဆိုပါတယ်။

ဥရောပမှာ အမှုထမ်းနေတဲ့ အမေရိကန် စစ်သား ၈၅၀၀ ရှိရာ ၎င်းတို့ကို အင်အား ဖြည့်ဖို့အတွက် နောက်ထပ် ၃၀၀၀ ထပ်လွှတ်လိုက်တာပါ။ အခုလွှတ်လိုက်တဲ့ စစ်သား ၃၀၀၀ က စစ်ပွဲတွေမှာ စစ်တိုက်ဖို့မဟုတ်ဘဲ ကွတ်ကဲညွှန်ကြားဖို့ ၊ ရုံး လုပ်ငန်းတွေ လုပ်ဖို့ နဲ့ နေတိုးအဖွဲ့တွေနဲ့ ချိတ်ဆက်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး လွှတ်လိုက်တဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။

ရိုမေးနီးယားမှာ ရှိနေတဲ့ အမေရိကန်စစ်သား ၉၀၀ ကျော်အတွက်လည်း အင်အားဖြည့်ဖို့ နောက် ၂ရက်မှာ ဂျာမဏီမှာ အထိုင်ချထားတဲ့ စစ်သား ၁၀၀၀ ပို့ ဦးမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့ တဲ့ အပတ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ယူကရိန်းအရေးနဲ့ ပတ်သက်လို့ ရုရှားနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ ဝင်တွေ ဆွေးနွေး ပြောဆိုမှုတွေ လုပ်ပြီးနောက်မှာ အမေရိကန်တွေက ဥရောပကို စစ်တပ်တွေ ပို့လွှတ်တဲ့ ကိစ္စ ဆက်တိုက်လုပ်နေတာပါ။


REF: UPI, Photo  UPI

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment