Pages

Pages

မွန်ပြည်နယ်ဝန်ကြီးချုပ် ခေါင်းဆေးကျွန်းစေတီတော်မြတ်ကြီး ပြုပြင်တည်ဆောက်မှုကြည့်ရှုခြင်း နှင့် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးတက်ရောက်




MNP - ဖေဖော်ဝါရီ     ၁၉

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊  ခေါင်းဆေးကျွန်း   စေတီတော်မြတ်ကြီး ဖူးမျှော်ကြည်ညို၍  ဆရာတော်ကြီးအား  လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး  စေတီတော်၊ပရဝုဏ်နှင့် ရင်ပြင်တော် ပြုပြင် တည်ဆောက်နေမှုတို့ကို ကြည့်ရှုခဲ့သည်။ 

ထို့နောက ်ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်း ခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း မပေါ့ဆကြစေလိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ  လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်း ကျောင်းသား၊ကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ရေးအပေါ်  စီမံချက်ချ၍ ကြပ်မတ်ဆောင်ရွက် ကြစေလိုကြောင်း၊ ကျန်းမာရေး အသိပညာပေးလုပ်ငန်းကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရန်လမ်းညွှန်မှာကြား သည်။ ဆက်လက်၍ တက်ရောက်ကြသူများက လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေ တင်ပြဆွေးနွေးမှုအပေါ်   ပြည်နယ် ဝန်ကြီးချုပ်က    တာဝန်ရှိသူများအား လမ်းညွှန် မှာကြားပြီး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မွန်ပြည်နယ်အနေဖြင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးBooster Dose အား(တတိယအကြိမ်) ထပ်ဆောင်း ထိုးနှံမှုကို မော်လမြိုင်မြို့နယ် အပါအဝင် သက်ဆိုင်ရာ မြို့နယ်များအလိုက် သတ်မှတ် နေရာများတွင် ဖေဖော်ဝါရီလဆန်းမှ ဆက်လက်ထိုးနှံပေးနေပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံနိုင်ရန် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတ စေတနာ့ ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း - ဇာဖြူဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment