Pages

Pages

မိုင်းလုံမြို့တွင် အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိ

 



MNP - ဖေဖော်ဝါရီ    ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လာရောက်ဆေးထိုးနှံရာတွင် တောင်နီကျေးရွာမူလွန်‌‌ကျောင်း၊ မိုး‌‌ပြေကျေးရွာ အလယ်တန်းကျောင်းနှင့် မိုင်းလုံမြို့ အခြေခံပညာအထက် တန်းကျောင်းရှိ အသက်၁၂နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ပထမအကြိမ် ထိုးနှံပြီးသောကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးပြီး  ဆေးထိုးခြင်းလုပ်ငန်းများကို အခြေခံပညာကျောင်း များမှ ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ  ပူးပေါင်းဆောင်ရွက်၍ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးရာတွင် မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၁၄၃)ဦး၊ တောင်နီကျေးရွာမှ (၈)ဦးနှင့်မိုး ပြေကျေးရွာမှ (၁၉)ဦး စုစုပေါင်း (၁၇၀)ဦး ရှိကြောင်းကို မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်ထံမှ သိရသည်။

သတင်း - ဇော်ဇော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment