Pages

Pages

နယ်စပ်ရေးရာဝန်ကြီးဌာနမှ တမူးမြို့နယ်အတွင်းရှိ ကိုဗစ်ရောဂါကာလအတွင်း ဆွမ်းဆန်စိမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် ပဲများ ထောက်ပံ့လှူဒါန်း

 


MNP - ဖေဖော်ဝါရီ    ၅

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာများအလိုက် စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် ပဲများထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ဖေဖော်ဝါရီ(၄)ရက်နေ့ နံနက်ပိုင်းက တမူးမြို့နယ်အတွင်းရှိ အေးချမ်းဝေစည်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ သံဃာတော်(၁၁) ပါးအတွက် ဆန်(၂၄)ပြည်ပါ ဆန်(၄)အိတ်၊ဆီ(၁၀)ပိသာကုလားပဲ(၅)ပိသာ နှင့်ဆား(၅)ပိသာတို့အားလည်းကောင်း အသောကသီလရှင်ကျောင်းတိုက်ရှိ သာသနာ့နွယ်ဝင်သီလရှင် (၁၂) ပါးအတွက်ဆန်(၂၄)ပြည်ပါ ဆန်(၄)အိတ်၊ ဆီ(၁၀)ပိသာ၊ ကုလားပဲ(၅) ပိသာနှင့်ဆား(၅)ပိသာတို့အား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တမူးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - ကျော်ကြီး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment