Pages

Pages

ရမ်းဗြဲမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသာစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ





MNP ၊ ဖေဖေါ်ဝါရီ ၂၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများ “လူမှုဘဝပြည့်စုံဖို့၊ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စု လူဦးရေစာရင်းနှင့်    နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ဆောင်ရွက်ခြင်းကို    ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရမ်းဗြဲမြို့၊ အမှတ်(၅)ရပ်ကွက်သို့သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဆောင်ရွက်ရာသို့  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးဦးခင်မောင် ဦးဆောင်ပြီး ဝန်ထမ်းခြောက်ဦးမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့၊ အမှတ် (၅) ရပ်ကွက် အတွင်းနေထိုင်ကြသည့် ပြည်သူများအား  ပြောင်းရွေ့ ၊ ခွဲထွက်လိုသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း မပြုလုပ်ရသေးသောသူများကို အိမ်ထောင်စုလူဦးရေးစာရင်း ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးမှုများအား မိတ္တူပြုလုပ်ဆောင်ရွက်ပေးခြင်းများနှင့် ဖွား သေ စာရင်းများအတွက် ပယ်ဖျက်ခြင်း၊ ရေးသွင်းခြင်းများဆောင်ရွက်ပေးခြင်းများနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသော ပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းများကိုအခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost


No comments:

Post a Comment