Pages

Pages

ရေနံချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


MNP - ဖေဖော်ဝါရီ    ၁၇

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူ များက မြို့နယ်အတွင်း ယခုလက်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကော်မတီ အဖွဲ့ဝင်များ က မိမိတို့လုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ ကာကွယ်ဆေးများကို ကျေးရွာများအလိုက် ဆက်လက် ထိုးနှံပေးနေမှုနှင့် ထိုးနှံပြီးစီးမှုများ၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို နေရာများခွဲကာ အပြည့်အဝ ထိုးနှံနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများ၊ နေအိမ်ပြင်ပ သွားလာရာတွင် နှာခေါင်း စည်း Mask တပ်ဆင်သွားလာရန်၊ လူစုလူဝေးရှောင်ရှားရန်၊ တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင် ရန်၊ နာမကျန်းဖြစ်လျှင် ကျန်းမာရေးစစ်ဆေးကုသမှုခံယူရန်စသည့် အသိပညာပေးလုပ်ငန်းများကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြို့အဝင်ဂိတ်များတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားမှု အထောက်အထားများ စစ်ဆေးမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ထပ်မံတွေ့ရှိလာပါက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးနေမှု နှင့် ထားရှိကုသရန် ပြင်ဆင်ဆောင်ရွက်ထားသည့် အခြေအနေများ၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုနှုန်း မြင့်တက်လာပါက ကုသရေးစင်တာ၊  Quarantine စင်တာများ အရန်သင့် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။

အဆိုပါ ရှင်းလင်းတင်ပြမှုများအပေါ် မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ငြိမ်းငြိမ်းအိ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment