မုဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အဆင့် အစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အဆင့် အစည်းအဝေးပြုလုပ်

 



MNP - ဖေဖော်ဝါရီ     ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အပါအဝင် ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ယနေ့ နံနက်  ၁၀  နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အစည်းအဝေးပြုလုပ်သည်။

အစည်းအဝေးတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်က မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေများ၊ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းအခြေ အနေများ၊ ရောဂါကာကွယ်နိုင်ရေးအတွက် ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ တို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မင်းအောင်မြင့်က ရုံးဌာနများ၊ ဈေးများနှင့် လူစည်ကားရာနေရာများ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဗီနိုင်ပိုစတာများ၊ လက်ဆေး ဘေစင်များထားရှိရန်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတို့က ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး စသည့်အသိပညာပေး လုပ်ငန်းများတို့ကို အင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် တက်ရောက်ကြသည့် မြို့နယ်ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရေးပေါ် လူမှုကယ်ဆယ်ရေး အရပ်ဘက်အသင်းအဖွဲ့များတို့က မိမိတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

မုဒုံမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လမှ စ၍ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၃၄၀) ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ (၁၁၆၂)ဦးနှင့် သေဆုံးသူ (၉၆)ဦး ရှိကြောင်း သိရှိရသည်။

သတင်း - အောင်မျိုးသူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)