Pages

Pages

အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ခံအားပေး၍ အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့် အဆိုတော်တော်ချမ်း နေအိမ်ကို ချိတ်ပိတ်သိမ်းဆည်း





MNP ၊ ဖေဖော်ဝါရီ ၁၉

NLD အစွန်းရောက်များဖွဲ့စည်းထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များကို ထောက်ခံအားပေးပြီး တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လှုံ့ဆော်ခဲ့သူ အဆိုတော်ချမ်းချမ်း၏ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြိုနယ်ရှိ နေအိမ်ကို တာဝန်ရှိသူများက ယနေ့ ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုတော်ချမ်းချမ်းသည် ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားသူဖြစ်သည်။

NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများနှင့် ပူးပေါင်း၍ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လှုံ့ဆော်ခဲ့သည့် အနုပညာရှင်များထဲမှ အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့၏ နေအိမ်ကွန်ဒို ၊ အဆိုတော်ချမ်းချမ်း၏ နေအိမ်တို့ကို ချိတ်ပိတ်သိမ်းဆည်းခဲ့ပြီး ကျားပေါက်၊ Rဇာနည်၊ ရန်ရန်ချမ်း တို့မှာ အကြမ်းဖက်လှုံ့ဆော်မှုများ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်သည်။

အလားတူ သရုပ်ဆောင်မင်းမော်ကွန်း၊ သရုပ်ဆောင် ဒေါင်း တို့မှာ တောခိုနေရာမှ အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည့်အတွက် ၎င်းတို့၏ ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆည်းရန် ဖော်ထုတ်ရေးသား ပြောဆိုနေကြသည်ကို တွေ့မြင်ရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment