Pages

Pages

ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ




MNP - ဖေဖော်ဝါရီ    ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊  မြန်မာ့စီးပွါးရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယနေ့နံနက် (၈:၀၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ ဖေဖော်ဝါ ရီလ ၂၁ ရက် မှ ၂၅ ရက်နေ့အထိ  နံနက် (၈:၀၀)နာရီမှ မွန်းလွဲ (၂:၀၀)ထိ ထုတ်ပေးသွားမည်ဖြစ်ပြီး  အငြိမ်း စားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ စုစုပေါင်း(၃၁၀) ဦး ရှိပါသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးခြင်းအား ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment