MNP - ဖေဖေါ်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကျေးရွာအုပ်စု ဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင်ကစားလျှက်ရှိရာ ယမန်နေ့ညနေ(၄)နာရီက ဗိုလ်လုပွဲအပြီး ပထမဆု၊ ဒုတိယဆု၊ နှစ်သိမ့်ဆု ရရှိအသင်းများအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် သဲကုန်းကျေးရွာအုပ်စု ရှိအသင်းလေးသင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး မိမိတို့ မြိုရွာဒေသတွင် အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကိုယ်လက်ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်ဓါတ်စွမ်းရည်များ မြှင့်တင်ပေးခြင်းစသည့် အကျိုးကျေးဇူးများကို ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါဘော လုံးအားကစားပြိုင်ပွဲဆုပေးပွဲ အခမ်းအနားသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရွှေသောင်ယံနယ်မြေတပ်စခန်းမှ တပ်မတော်သားများ၊ ရွှေသောင်ယံ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူများ လာရောက်အားပေးခဲ့ကြသည်။
သတင်း - ကိုကိုမောင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment