Pages

Pages

ဂွမြို့ ကုလားပြင်ဘိနယ်အတွင်းရှိ အောက်ဘဝင်ချောင်းဘေးတွင် တရားမဝင် တောင်သရက်ခွဲသားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ




MNP ၊ ဖေဖော်ဝါရီ  ၂၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကုလားပြင်ဘိနယ်အတွင်းရှိ အောက်ဘဝင်ချောင်းဘေးတွင် ယမန်နေ့ နေ့လည်ပိုင်းက တရားမဝင် တောင်သရက်ခွဲသားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဂွမြို့နယ် ကုလားပြင်ဘိနယ်အတွင်း တရားမဝင် သစ်များလက်ဝယိထား/သယ်ဆောင်ခြင်းများ မရှိစေရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က ပူးပေါင်း၍ နယ်မြေအတွင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ အောက်ဘဝင်ချောင်းဘေး နေရာနှစ်နေရာတွင် တရားမဝင် တောင်သရက်ခွဲသားစုစုပေါင်း(၃၁)ချောင်း၊ (၃.၅၅၆၆)တန်၊ ခန့်မှန်းတန်ဖိုးစုစုပေါင်း(၄၂၆၇၉၂)ကျပ် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသော သစ်ခွဲသားများအား ဂွမြို့နယ် မြန်မာ့သစ်လုပ်ငန်းသို့ သယ်ယူ၍ သစ်တောလုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment