ပျော်ဘွယ်မြို့နယ်တွင် တပ်မတော်ချစ်မြတ်နိုးသူများစုပေါင်း၍ တပ်မတော်ထောက်ခံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျော်ဘွယ်မြို့နယ်တွင် တပ်မတော်ချစ်မြတ်နိုးသူများစုပေါင်း၍ တပ်မတော်ထောက်ခံပွဲကျင်းပ



MNP - ဖေဖော်ဝါရီ    ၁

ပျော်ဘွယ်မြို့နယ်အတွင်း တပ်မတော်ချစ်မြတ်နိုးသူများစုပေါင်း၍ တပ်မတော်ထောက်ခံပွဲကို ယနေ့မွန်းလွဲ(၁)နာရီခွဲက ရှမ်းပွဲရပ်ကွက်ရှိ ရွှေပြည်သာမြတ်စွာ ဘုရားကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ရွှေပြည်သာမြတ်စွာဘုရားကွင်းတွင် စုရပ်အဖြစ်သတ်မှတ်ပြီး စီတန်း၍ ရပ်ကွက်အတွင်း လှည့်လည်ကာ “တပ်မတော်၏ဆောင်ရွက်ချက်များ အောင်ရမည်၊ တပ်မတော်အစိုးရအားထောက်ခံပါသည်၊ အကြမ်းဖက် PDF အလိုမရှိ၊ အကြမ်းဖက် NUG အလိုမရှိ၊ အကြမ်းဖက် CRPH အလိုမရှိ” စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။

တပ်မတော်ချစ်မြတ်နိုးသူများစုပေါင်းပါဝင်သည့် လူပုဂ္ဂိုလ်(၂၀၀)ဦးခန့်ပါဝင်သော အဖွဲ့သည် စုရပ်အဖြစ် သတ်မှတ်ထားသည့် နေရာသို့ပြန်လည်ရောက်ရှိပြီး ဦးဆောင်သူတစ်ဦးက မြန်မာ့တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူများလုံခြံရေးအတွက်ကူညီစောင့်ရှောက်ပေးနေမှု အခြေအနေများ၊ မိမိတို့နိုင်ငံ အတွက်တပ်မတော်သည် မရှိမဖြစ်သည့်အဖွဲ့အစည်းတစ်ခု ဖြစ်နေခြင်း ကြောင့် ထောက်ခံအားပေးရမည့် အခြေအနေများ စသည်တို့ကို ဆွေးနွေးဟောပြောပြီး ဇာတိမာန် သီချင်း သီဆိုကာ လူစုခွဲခဲ့ကြောင်း သိရသည်။

သတင်း - မင်းမင်းထွေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)