Pages

Pages

စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လုပ်ငန်းကျွမ်း ကျင်မှုစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်




MNP ၊ ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍  ယမန်‌နေ့နေ့လည်(၁၃၀၀)ချိန်က ခရိုင်အတွင်းဝန်ထမ်းများလုပ်ငန်းကျွမ်းကျင်မှုရှိစေရေး၊ လူမှုကွန်ယက်မီဒီယာအသုံးပြုနည်းများကို ဝန်ထမ်းများတတ်ကျွမ်းနားလည်စေရန်ရည်ရွယ်၍ လုပ်ငန်းကျွမ်းကျင်မှုစွမ်းရည်မြှင့်သင်တန်းကို Zoom ဖြင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် ရခိုင်ပြည်နယ်ညွှန်ကြားရေးမှုး ဦးတင်ကိုဝင်းက လူမှုမီဒီယာ‌‌ပေါ်ပေါက်လာပုံ၊ လူမှုမီဒီယာ‌ကောင်းကျိုး၊ ဆိုးကျိုးများ၊ လူမှုမီဒီယာ‌ပေါ်သတင်းတုသတင်းမှန်ခွဲခြားစိတ်ဖြာမှုများနှင့် ထားဝယ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူတို့က  New Mediaများဖြစ်သည့် Telegram Channelဖွင့်နည်း၊Zoom အကောင့်ဖွင့်နည်းများကို ပို့ချဆွေးနွေးခဲ့ရာ ယမန်နေ့က စစ်တွေခရိုင်အတွင်းမှ ဝန်ထမ်းသင်တန်းသားသင်တန်းသူ(၇)ဦးတက်ရောက်ခဲ့ပြီး ယနေ့တွင်စစ်တွေခရိုင်မှဝန်ထမ်းများအပြင် ရခိုင်ပြည်နယ်အတွင်းရှိတစ်ခြားခရိုင်အတွင်းမှ ဝန်ထမ်းသင်တန်းသားသင်တန်းသူ စုစုပေါင်း(၁၀)ဦးတို့ကစိတ်ပါဝင်စားစွာ Zoomဖြင့် ဝင်ရောက်တက်ရောက်ခဲ့ကြသည်။


၎င်းသင်တန်းကို ဖေဖော်ဝါရီလ (၂၄)ရက်မှ မတ်လ(၃)ရက်နေ့ထိ (၄)ရက် ပို့ချဆွေးနွေးမည်ဖြစ်ပြီး ရုံးလုပ်ငန်း စီမံခန့်ခွဲရေးဘာသာရပ်သင်တန်းကို စစ်တွေခရိုင်ရုံးမှ ဒေါ်ခင်ယုယုနွယ် (လက်ထောက်ညွှန်ကြားရေးမှူး)က ဆက်လက်ပို့ချမည်ဖြစ်ကြောင်းသတင်းရရှိသည်။

        

သတင်း - ဇူလိုင်ကြယ်

https://t.me/MyanmarNationalPost


No comments:

Post a Comment