Pages

Pages

ဂွချောင်းတံတား ချဉ်းကပ်လမ်း (ဂွမြို့ဘက်ခြမ်း)နှင့် မလွတ်ကင်းသည့် မြေပိုင်ရှင်များအား လျော်ကြေးငွေပေးအပ်


MNP - ဖေဖော်ဝါရီ    ၂၀

ဂွမြို့နယ်တွင်  ဂွချောင်းတံတား ချဉ်းကပ်လမ်း (ဂွမြို့ဘက်ခြမ်း)တည်ဆောက်ရာတွင်  ချဉ်းကပ်လမ်းနှင့် မလွတ်ကင်းသည့် မြေပိုင်ရှင်များအား လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂွချောင်းတံတား ချဉ်းကပ်လမ်း (ဂွမြို့ဘက်ခြမ်း) တည်ဆောက်ရာတွင်  ချဉ်းကပ်လမ်းနှင့် မလွတ်ကင်းသည့် ကင်းရုံးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ မြေပိုင်ရှင်(၃)ဦးတို့၏ မြေဧက (ဝ.၀၅၇)ဧကအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပေးအပ်သည့် လျော်ကြေး(နစ်နာကြေး) ငွေကျပ်(၁၅၄၂၃၀၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က  မြေပိုင်ရှင် (၃)ဦးတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ရွှေရည်ဝင်းကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment