Pages

Pages

တပ်ကုန်းမြို့၌ ဂုဏဝိသိဌပူဇာနှင့် (၄၁)ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်း သဘင်အခမ်းအနား ကျင်းပ





MNP - ဖေဖော်ဝါရီ    ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်  ၂၀၂၁ ခုနှစ် နိုင်ငံတော် အစိုးရထံမှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့ရဆရာတော်ကြီး(၈)ပါး၊ သီလရှင်(၁) ပါးနှင့် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်အောင်မြင်သော ရဟန်း၊ သံဃာ/သီလရှင် (၈၉)ပါးတို့အား မြို့နယ်သူ၊မြို့နယ်သားများက ချီးမြှင့်ပူဇော်သည့် ဂုဏဝိသိဌပူဇာနှင့် (၄၁)ကြိမ်မြောက် မဟာ/ စူဠ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် သြဝါဒါစရိယဆရာတော် အဘိဓဇမဟာရဌဂုရ၊ တပ်ကုန်းမြို့မဟာသီဟနဒစာသင်တိုက်နာယက ဘဒ္ဒန္တအာစိဏ္ဏဆရာတော် ဘုရားကြီးထံမှ သာရဏီယသြဝါဒ ကထာမြွက်ကြား ပေးခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းက သာသနာရေးဆိုင်ရာများ လျှောက် တင်တော်မူခဲ့သည်။ ထို့နောက် ဘွဲ့ရဆရာတော်ဘုရားများ၏ ထေရုပ္ပတ္တိအကျဉ်းများ ဖတ်ကြား ပူဇော်ခဲ့ပြီး၊ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား ရွှေအင်းရိပ်သာ စာသင်တိုက် နာယက ဆရာတော် ဘဒ္ဒန္တနေမိန္ဒထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ  ချီးမြှင့်တော်မူခဲ့သည်။  ဆက်လက်၍ ဘွဲ့ရဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ၊ သီလရှင်များအား ဘွဲ့တံဆိပ်တော်နှင့် စာအောင်လက်မှတ်များ၊ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မများကို ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၂) ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းနှင့် တာဝန်ရှိသူများ၊ စေတနာရှင် ပြည်သူများက ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် လှူဒါန်းမှုအစုစုကို မဟာဇနကစာသင်တိုက်နာယက ဆရာတော်ဘဒ္ဒန္တဝဏ္ဏရဟက ရေစက်သွန်ချ အမျှပေးဝေတော် မူခဲ့ပြီး၊ ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment