Pages

Pages

ပထမအကြိမ်မြောက် ကျိုက်ထိုမြို့လုံးဆိုင်ရာ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ ကျင်းပ




MNP - ဖေဖော်ဝါရီ    ၅

ကျိုက်ထိုမြို့နယ်၌ ပထမအကြိမ်မြောက် ကျိုက်ထိုမြို့လုံးဆိုင်ရာ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်သိမ်းအောင်ပွဲကို ယမန် နေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။

ပဌာန်းသိမ်းအောင်ပွဲခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မဟာမရမ်းချို ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကတဇဘဒ္ဒန္တအာစာရ အမှူးပြုသော ပင့် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဦးမျိုးမင်းစိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များမှ ပဌာန်းဆင်းသံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ ဆရာတော် ဘဒ္ဒန္တအာစာရနှင့် သံဃာတော် များထံမှ အနုမောဒနာတရားများနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ န‌‌မောတဿသုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။

သတင်း - ဝင်းမောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment