Pages

Pages

ထန်းတပင်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်


MNP - ဖေဖော်ဝါရီ    ၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ(၁)ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လူမှုရေးပင်စင်များ ထောက်ပံ့ပေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာ လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် သက်ကြီးဘိုးဘွား များအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းကို ထောက်ပံ့ပေးအပ် ခဲ့ကြသလို နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များကိုလည်း ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၉)အုပ်စုတို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွား(၅၁၇)ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ်(၃ဝဝဝဝ)နှုန်းဖြင့်  လူမှုဝန်ထမ်း ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) (၆)လဘဏ္ဍာရေး နှစ်ပထမသုံးလပတ်အတွက် စုစုပေါင်းငွေကျပ်(၁၅၅၁၀၀၀၀)ကို ထောက်ပံ့ပေးအပ် ခဲ့ကြခြင်းဖြစ်ပြီး လူမှုရေးပင်စင်များ ထောက်ပံ့ပေးပွဲသို့ မလာရောက်နိုင်သည့် သက်ကြီး ဘိုးဘွားများကို လည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တဆင့် ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်းလည်း သိရသည်။

သတင်း - ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment