Pages

Pages

ဆင်ပေါင်ဝဲမြို့နယ်၌ စိုက်ခင်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ


MNP - ဖေဖော်ဝါရီ    ၄

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် သစ်တော ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်(၂၀၂၁မိုးရာသီ) တောပုန်းကြိုးပြင် ကာကွယ်တော၊ အကွက်အမှတ်(၁)တွင် စိုက်ပျိုးတည်ထောင်ခဲ့သော ကျေးရွာထင်းစိုက်ခင်း (၇၅)ဧကအား ချောင်းကောက်ကျေးရွာသို့ စိုက်ခင်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါစိုက်ခင်းနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဝေအောင်က စိုက်ပျိုး တည်ထောင်ခဲ့သော ကျေးရွာထင်းစိုက်ခင်း(၇၅)ဧကအား ချောင်းကောက်ကျေးရွာသို့ စိုက်ခင်းလွှဲပြောင်း ပေးအပ်ရသည့် အကြောင်းအရင်းအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ကျေးရွာထင်းစိုက်ခင်း (၇၅)ဧကအား လွှဲပြောင်းပေးအပ်ခဲ့ရာ ချောင်းကောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဖြိုးဇေအောင် က လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်း - နိုင်လင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment