MNP - ဖေဖော်ဝါရီ ၁၉
ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများစုပေါင်း၍ ဖွဲ့စည်းခဲ့သော အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အသင်းဉက္ကဋ္ဌ ဦးရဲမြင့် က မိမိတို့အသင်းသည် ငွေကြေးနှင့်ဆက်နွယ်နေသည့်အတွက် အထင် အမြင်လွဲမှားမှုမဖြစ်ပေါ်စေရန်နှင့်အသင်းဝင်များ ယုံကြည်အားကိုးမှုဖြစ်ပေါ်ရေး၊ အကူအညီတောင်းခံလာပါက ကူညီဖြေရှင်းပေးနိုင်ရေး၊ စာရင်းဇယားများတိကျမှန်ကန်စွာ ထိန်းသိမ်းထားနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ပျော်ဘွယ်မြို့နယ်အတွင်း ဖွဲ့စည်းခဲ့သော အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်းတွင် အသင်းဝင် စုစုပေါင်း (၁၂၀၀)ဦးခန့်ရှိကြောင်း၊ နာရေးဖြစ်ပေါ်ပါက ယနေ့အချိန်ကာလတွင် တစ်ဦးလျှင် ငွေကျပ်(၁၆၀၀၀၀) ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - မင်းမင်းထွေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment