Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်အန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြော





MNP ၊ ဖေဖော်ဝါရီ ၂၁


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက် အန္တရာယ် ကာကွယ် နိုင်ရေး အသိပညာပေး ဟောပြာခြင်းကို ယနေ့ နံနက်ပိုင်းက  အင်းဒင်ကျေးရွာတွင်  ပြုလုပ်ခဲ့ကြောင်းသိရသည်။ 


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှူး ဦးမောင်ဝင်းနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြေမြှုပ် မိုင်း နှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများသည် အန္တရာယ်ရှိသောပစ္စည်းများ ဖြစ်ကြောင်း၊ ထိုပစ္စည်းများ တွေရှိပါ ကလည်း လုံးဝ မကိုင်ဘဲ အန္တရာယ်ရှိကြောင်း အခြားသူများကို အသိပေးပြီး  ၊သက်ဆိုင်ရာဒေသ အာဏာပိုင်များ ထံသို့ သွား ရောက် ကာ သတင်းပေးပို့ရမည်ဖြစ်ကြောင်း၊ မြေမြှုပ်မိုင်များ နှင့် ပေါက်ကွဲနိုင်သော စစ်လက်နက် အကြွင်း အကျန်များအား တစ်စုံတစ်ရာဖြင့် ဘယ်သောအခါမှ မပစ်ပေါက်ပါနှင့် ထိတွေ့ကိုင်ကွယ်ခြင်းများ မပြုလုပ်ကြ ပါရန် ၊ ပေါက်ကွဲနိုင်သော စစ်လက်နက် အကြွင်းအကျန် များကြောင့် သင်သည် အသက်ဆုံးရှုံးခြင်း (သို့မဟုတ်) တစ် သက်လုံး ဒုက္ခိတဖြစ်နိုင်ကြောင်း စသည့် အချက်အလက်များအား အသိပညာပေးဟောပြောခြင်း ၊ ကလေးငယ်များအား မိုင်း အန္တ ရာယ် နှင့် ပတ်သတ်၍ ရုပ်ပုံများ ပြသပေးပြီး လက်ကမ်းစာစောင်များ ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန်

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment