(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကပြရမည့် ထားဝယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တွေ့ဆုံအားပေးစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကပြရမည့် ထားဝယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တွေ့ဆုံအားပေးစကားပြောကြား










MNP ၊ ဖေဖော်ဝါရီ ၂

နေပြည်တော်၌ကျင်းပမည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင်ဖျော်ဖြေတင်ဆက်ကပြရမည့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြုထားဝယ် ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား တို်ငးဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ယနေ့နံနက် ၁၀ နာရီ တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။


ရှေးဦးစွာတက်ရောက်လာသူများအား ထားဝယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ က တိုးတက်ဝေစီ တနင်္သာရီ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြုသွားရောက်ဖျော်ဖြေမည့် အက အဖွဲ့များအနေဖြင့် အရေးကြီးဆုံးက ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ နေပြည်တော်၌ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင်တိုင်းဒေသကြီးကိုယ်စားပြုသွားရောက်ဖျော်ဖြေရမှာဖြစ်သော ကြောင့် တိုင်းဒေသကြီး ဂုဏ်နှင့်သက်ဆိုင်၍ ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များအနေဖြင့်မိသားစုသဖွယ်ချစ်ချစ်ခင်ခင်ရင်း နှီးစွာ ဖြင့်နေထိုင်ပြောဆိုကြရန်လိုအပ်ကြောင်းညီအစ်ကိုမောင်နှမရင်းသဖွယ် ညီညီညွတ်ညွတ်ဖြင့် သွားရောက်ရမှာဖြစ်ကြောင်း၊ လိုအပ်ချက်များရှိပါ က အဖွဲ့ခေါင်းဆောင်အားတင်ပြရန်လိုအပ်ကြောင်းပြောကြားပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ က ဂုဏ်ပြု ထောက်ပံ့ငွေကျပ် (၁၀)သိန်းအား တာဝန်ရှိသူများထံပေးအပ်ခဲ့သည်။


အဆိုပါ ထားဝယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား အဖွဲ့ခေါင်းဆောင်ဒေါ်မွန်မွန်အေး ဦးဆောင်၍နေပြည်တော်၌ ကျင်းပ မည့်(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ထားဝယ်ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)