Pages

Pages

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများ အားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများ အားလုံးကို မြို့နယ် အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယ အကြိမ်နှင့် သတ္တမအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉နာရီမှစ၍ မြို့မဇုံ၊ မြို့သာဇုံ၊ ငါန်းမြာဇုံ၊ ခြင်္သေ့လက်ဇုံ၊ သားကျင်ဇုံ၊ ဂျိုဇုံ၊ သံဘိုဇုံ၊ ရေလည်သောင်ဇုံနှင့် ကုလားရွာဇုံ မြို့နယ် အတွင်း ဇုံ(၉)ဇုံမှ အသက်(၁၈) နှစ်နှင့်အထက် ပဉ္စမအသုတ် ဒုတိယအကြိမ် (၉)ဦးနှင့် သတ္တမအသုတ် ပထမအကြိမ် (၇၂)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ငါန်းဇွန်မြို့နယ်တွင် ဇန်နဝါရီ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ပဉ္စမအသုတ် ဒုတိယအကြိမ် (၃၀၅၂)ဦးနှင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သတ္တမအသုတ် ပထမအကြိမ်(၇၄၆)ဦး ထိုးနှံပြီးကြောင်း သိရသည်။                            

သတင်း - သက်နောင်ဦး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment