Pages

Pages

မဘိမ်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

 


MNP - ဖေဖော်ဝါရီ    ၁၆    

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(Covid Shield) နှစ်ကြိမ်ထိုးနှံထားပြီးသော နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster Dose)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆောက်အအုံသစ်တွင် ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံဆောင်ရွက်ပေးရာတွင် မဘိမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ(၁၁ဝ)ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း(၄ဝ)ဦး၊ စုစုပေါင်း(၁၅ဝ)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ကို ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်ထိုးနှံ ရန်ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - မျိုးမင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment