ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose လူဦးရေ ၁၀၀၀ ထိုးနှံပေးပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose လူဦးရေ ၁၀၀၀ ထိုးနှံပေးပြီးဖြစ်

MNP - ဖေဖော်ဝါရီ    ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး ဆေးထိုးစုရပ်(၄)နေရာအပြင် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်းပြီး ထိုးနှံဆောင်ရွက်ပေးခဲ့သဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ စုစုပေါင်း လူဦးရေ ၁၀၀၀ ဦးအား ထိုးနှံဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးရာတွင်  Covishield ထိုးနှံပြီးသည့် (၆)လ အထက်ရှိသူများ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် ရဟန်းသံဃာများကို ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရပြီး ယခင် ကာကွယ်ဆေးများကဲ့သို့ (၂)ကြိမ် ထိုးနှံရန်မလိုဘဲ တစ်ကြိမ်တည်းသာ ထိုးနှံရသည့် ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေး ပုလင်း အလုံးရေ ၂၀၀ ရရှိခဲ့ပြီး ကာကွယ်ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တစ်ကြိမ်တည်း ထိုးနှံရသည့်ဆေးဖြစ်၍ ဒေသခံပြည်သူများက စိတ်အားထက်သန်စွာ လာရောက် ထိုးနှံခဲ့ကြကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)