ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ အန္တရာယ်ကင်းဝေးစေရန် မိုဘိုင်းစနစ်ဖြင့် Booster Dose ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ အန္တရာယ်ကင်းဝေးစေရန် မိုဘိုင်းစနစ်ဖြင့် Booster Dose ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ အန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက်အကူပြု စေရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်နှင့် ရှောက်တောကျေးရွာရှိ ဒေသခံပြည်သူများကို မိုဘိုင်းစနစ်ဖြင့် Booster Dose ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုဘိုင်းစနစ်ဖြင့် Booster Dose ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်ကာ ဆေးထိုးစုရပ်(၄)နေရာဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ လယ်ကိုင်းကျေးရွာ နိဗ္ဗာန်(တ)ကျောင်း၊ ကုန်းဇောင်းကျေးရွာ တိုက်နယ်ဆေးရုံနှင့် မဲဇလီကျေးရွာ ကျေးလက်ကျန်းမာ ရေးဆေးခန်းတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ထိုးနှံပေးခြင်းအပြင် အသက်အရွယ်ကြီးရင့်သူများနှင့် သွားလာရေး အခက်အခဲရှိသော ဒေသခံပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများအဖွဲ့က ဆေးထိုးအုပ်စု(၂)ဖွဲ့ခွဲပြီး ပွင့်ဖြူမြို့၊ အရှေ့ပိုင်း ရပ်ကွက်နှင့် ရှောက်တောကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံပြည်သူ ၁၄၅ ဦးကို Booster Dose ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ Booster Dose ကာကွယ်ဆေး ထိုးနှံခြင်းကို ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူများ၊ Covishield ကာကွယ်ဆေး ထိုးနှံပြီးသည့် (၆)လပြည့်သူများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ ရဟန်းသံဃာများ လာရောက်ထိုးနှံ နိုင်ကြောင်းနှင့် ယခင်ကာကွယ်ဆေးများကဲ့သို့ (၂)ကြိမ်ထိုးနှံရန် မလိုပဲတစ်ကြိမ်တည်းသာ ထိုးနှံရ၍ ကာကွယ်ဆေး မထိုးနှံရသေးသူများအနေဖြင့် မဖြစ်မနေ လာရောက်ထိုးနှံသင့်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးသိန်းစိုးက ပြောသည်။

သတင်း - ရဲဝင်းနိုင်

မြန်မာနေရှယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)