Pages

Pages

မိုင်းယန်းမြို့နယ်တွင် လယ်ယာမြေဧက ၉၅ အကျိုးပြုသည့် ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ Box Culvert တစ်စင်းနှင့် Pipe Culvert လေးစင်းတည်ဆောက်



MNP - ဖေဖော်ဝါရီ    ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်၊ ခြောက်လတာကာလတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် နောင်ဟွိုင်ကျေးရွာရှိ လယ်ယာမြေဧက ၉၅ ဧကမှ သီးနှံများဈေးကွက်သို့ အချိန်မီရောက်ရှိစေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ Box Culvert တစ်စင်းနှင့် Pipe Culvert လေးစင်း တည်ဆောက်လျက်ရှိကြောင်း မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ အလျား ၂၀ ပေ၊ အနံ ၄ ပေ ၉ လက်မ၊ အမြင့် ၄ ပေ ၉ လက်မရှိ Box Culvert တစ်စင်းနှင့် အရှည် ၂၂ ပေ၊ အနံ ၂ ပေနှင့် အမြင့် ၂ ပေရှိ Pipe Culvert  လေးစင်းတည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုရန်ပုံငွေကျပ် (၁၂.၉၈၅)သန်းဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးအတွက် ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသက်လင်းထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက နောင်ဟွိုင်ကျေးရွာရှိ ပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ လူမူရေး၊ ကျန်းမာရေးကဏ္ဍများ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး မိမိဒေသထွက်ကုန်များအား ဈေးကွက်သို့ အချိန်တိုအတွင်း အလွယ်တကူတင်ပို့ရောင်းချနိုင်ပြီး ဝင်ငွေမြင့်မားလာကာ လူမူစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည့်အပြင် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုသည်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်းကြောင်း အချိန်တိုအတွင်း တိုးတက်ပြောင်း လဲလာမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ခွန်ရဲထွေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment