Pages

Pages

ကရင်ပြည်နယ် ပိုင်ကျုံမြို့ ညာမရော-ဖားကပ် (၄)မိုင်လမ်းပေါ်တွင် Box Culvert (၅)ခု တည်ဆောက်ခြင်း ရာနှုန်းပြည့်ပြီးစီး

 


MNP - ဖေဖော်ဝါရီ    ၂၀

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ   ပိုင်ကျုံမြို့ ညာမရော-ဖားကပ် (၄)မိုင် လမ်းပေါ်တွင် Box Culvert (၅)ခု တည်ဆောက်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ (၁၁)ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ ၆လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၂၃.၄၈၅)သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ၎င်းတည်ဆောက်ခြင်း လုပ်ငန်းကို တော်ဝင်ကရင်မိသားစုမှ တာဝန်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေး အတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းလုပ်ငန်းများ ပြီးစီးခြင်းကြောင့် ပိုင်ကျုံမြို့ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် ဥတုသုံးပါးလုံး လမ်းပန်းဆက်သွယ်‌ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် မြို့သာယာလှပ၍ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာပြီဖြစ်ကြောင်း သိရသည်။

သတင်း - စောဂျိုးဇက်ဂျူး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment