Pages

Pages

ပိုင်ကျုံမြို့တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား COVID SHIELD စတင်ထိုးနှံပေးလျက်ရှိ




MNP - ဖေဖော်ဝါရီ    ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို  လျော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက် ရှိပါသည်။

ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ရာ ယနေ့တွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသော ပြည်သူများအား စတင်ထိုးနှံပေးနေပြီး ဖြစ်ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး ဦးဆောင်ပြီး   ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများတို့က   ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာတွင်  အဆင်ပြေလွယ်ကူစေရန်အတွက်  ပူးပေါင်းပါဝင်    ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း - စောဂျိုးဇက်ဂျူး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment