ဂျပန် နျူ့ဓာတ်ပေါင်းဖို စွန့်ပစ်ရေ ပင်လယ်ထဲဖောက်ချဖို့ကိစ္စ IAEA စစ်ဆေးပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျပန် နျူ့ဓာတ်ပေါင်းဖို စွန့်ပစ်ရေ ပင်လယ်ထဲဖောက်ချဖို့ကိစ္စ IAEA စစ်ဆေးပြီ


နီယို ( ဖေ ၂၀ )

ကုလသမဂ္ဂ နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ ( IAEA) မှကျွမ်းကျင်ပညာရှင်တွေက ဂျပန်နိုင်ငံ ဖူကူရှီမား ဒိုင်အီချီ နျူကလိယဓာတ်အားပေး ဓာတ်ပေါင်းဖိုက စွန့်ပစ်ရေတွေကို ပင်လယ်ထဲကို ဖောက်ချဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် စစ်ဆေးမှုတွေ လုပ်နေစဉ်မှာ ဘေးကင်းရေးအတွက် ဦးစားပေးပါလို့ တောင်းဆိုထားပါတယ်။

၂၀၁၁ မတ်လ ၁၁ ရက်နေ့ မှာ ၉ ရစ်ချက်စတာစကေး ရှိတဲ့ ပင်လယ်ရေအောက် ငလျှင်တစ်ခုကြောင့် ဆူနာမီရေလှိုင်း ဖြစ်ပေါ်က ဖူကူရှီမားနျူ့ ဓာတ်အားပေးစက်ရုံထဲကို ရေတွေဝင်ရောက်သွားပြီး ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်စိမ့်ထွက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဝင်ရောက်သွားတဲ့ ရေတွေမှာ ဓာတ်ရောင်ခြည် အဆိပ်သင့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ဒိဓာတ်ရောင်ခြည် အဆိပ်သင့်နေတဲ့ ကုဗမီတာ၁.၂၅ သန်း ကို ထိန်းသိမ်းထားခဲ့ရာက ကုန်ကျစရိတ်တွေ မြင့်တက်လာလို့ ဂျပန်လွှတ်တော်က ပင်လယ်ထဲကိုဖောက်ချဖို့ အတွက် မနှစ်က သဘောတူ ဆုံးဖြတ် ခဲ့ပါတယ်။

IAEA သည် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၈ ရက်အထိ မစ်ရှင်အတွင်း ရေဖောက်ချဖို့အစီအစဉ်များကို လွတ်လပ်သော ပြန်လည်သုံးသပ်ခြင်းအား ဂျပန်နိုင်ငံ၏ စီစဉ်ဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ ပိုမိုလေ့လာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဲ့ဒိအဖွဲ့ရဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ရေနမူနာများကို စုဆောင်းကာ အသေးစိတ်နည်းပညာဆိုင်ရာ အချက်အလက်များကို စိစစ်ခဲ့ပါတယ်။

နောက်နှစ်လခန့်အကြာမှာ IAEA က ပိုမိုတိကျသောနည်းပညာဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် အတူ ဖူကူရှီးမားမစ်ရှင်နှင့် ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ရန်စီစဉ်ထားပါတယ် ။ နောက်ဆက်တွဲ မစ်ရှင်များကို ၂၀၂၃တွင် လုပ်ဆောင်မယ်လို့ သိရပါတယ်။

 

REF: UPI Photo: UPI

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)